Agent-Ready Codebases
အဓိက ဦးတည်ချက်Codebase တစ်ခုကို agent-ready ဖြစ်စေတဲ့ အချက်များ (structure၊ docs၊ tests နဲ့ checks)။ အသင့်ဖြစ်မှုကို အကဲဖြတ်စစ်ဆေးပြီး score သတ်မှတ်ပုံ။ တကယ့် codebase တွေမှာ agent တွေကို ပိတ်ဆို့လေ့ရှိတဲ့ အဖြစ်များသော အားနည်းချက်များ။
လက်တွေ့ တည်ဆောက်ရန်Score သတ်မှတ်ထားတဲ့ readiness audit ပြုလုပ်ခြင်းနဲ့ agent အသစ်တစ်ခု ချက်ချင်းအလုပ်ဖြစ်စေမယ့် ပြုပြင်မှုများ ပြုလုပ်ခြင်း။
အဓိက လေ့လာစရာများ (Core)≈ 3 h 30 min
- Case study · OpenAIHarness engineering: leveraging Codex in an agent-first world30 min
ဒီအပတ်ရဲ့ အရေးကြီးဆုံး ဖတ်စရာ - repo ရှင်းလင်းမှု၊ စနစ်တကျ ရေးထားတဲ့ docs၊ စက်က အလိုအလျောက် ထိန်းကွပ်ထားတဲ့ invariants တွေနဲ့ progressive disclosure အကြောင်း။
- လက်တွေ့လမ်းညွှန်Adobe ≈ 60 minRepository Harnesses for AI Coding Agents
Agent တွေ အလွယ်တကူ နားလည်နိုင်ပြီး verify လုပ်နိုင်မယ့် repo ပြင်ဆင်နည်း အခမဲ့ လမ်းညွှန်။
- Video များ · FactoryMaking Codebases Agent-Ready & Building Reliable Agentic Systems34 min
Mechanical verification၊ linters၊ end-to-end tests၊ interface docs၊ planning၊ grounding နဲ့ လူကိုယ်တိုင် ကြီးကြပ်မှုများ။
- ဆောင်းပါး · Hamel HusainYour AI Product Needs Evals20 min
Evaluation လုပ်တဲ့ အလေ့အကျင့်ကို ဒီကတည်းက စတင်ပါ (Week 10 ဟာ ဒီအပေါ်မှာ အခြေခံပါလိမ့်မယ်)။
- ဆောင်းပါး · Beyang Liu of SourcegraphThe ROI of AI: Why You Need Eval Frameworks25 min
တိကျသေချာတဲ့ evals၊ repo context၊ engineering KPIs နဲ့ အပေါ်ယံ အလုပ်ဖြစ်ပြရုံ ကုန်ထုတ်စွမ်းအားတု (productivity theater) ကို ရှောင်ရှားပုံ။
ပိုလေ့လာချင်သူများအတွက် (Deeper Material)
- ဗီဒီယိုContext Engineering (Dex Horthy)
အင်တာဗျူးထဲက harness၊ loop နဲ့ software-factory အခန်းများကို ပြန်လည်ကြည့်ရှုပါ။
- Diátaxis Framework
Agent တွေ သွားလာဖတ်ရှုရ လွယ်ကူစေမဲ့ Folder Structure and System (tutorials, how-tos, reference, explanation)။
- Context Rot (Chroma)
Context ထဲ အကုန်ပုံထည့်နေတာထက် ကျစ်လျစ်ပြီး index သေချာလုပ်ထားတဲ့ repo က ဘာကြောင့် ပိုသာလဲဆိုတဲ့ အချက်။
အပိုဆောင်း Video များ
- ဗီဒီယို1 h 15 minTDD, AI agents and codingKent Beck with The Pragmatic Engineer
Agent တွေ Code ရေးတဲ့အခါ test-driven development ဟာ ဘာကြောင့် စွမ်းအားတစ်ခု ဖြစ်လာသလဲ ဆိုတာ။
လက်တွေ့ တည်ဆောက်ရန် (Build)
ကိုယ့် repo ကို အချက် 5 ချက်နဲ့ audit စစ်ဆေးပါ -
- 1Discoverability. (အချက်အလက် ရှာဖွေရ လွယ်ကူမှု)
- 2Setup. (စတင် run ရ လွယ်ကူမှု)
- 3Feedback speed. (စစ်ဆေးမှု ရလဒ်ထွက်နှုန်း မြန်ဆန်မှု)
- 4Architecture enforcement. (Architecture ဘောင်ကို ထိန်းကွပ်ထားနိုင်မှု)
- 5Recovery from failure. (မှားယွင်းမှုကနေ အမြန်ပြန်လည် ပြင်ဆင်နိုင်မှု)
တစ်ချက်ချင်းစီကို အထောက်အထားနဲ့တကွ 1 မှ 5 အထိ score သတ်မှတ်ပါ။ ပြင်ပက လူတစ်ယောက်/စက်တစ်လုံး အနေနဲ့ repo ကို clone ဆွဲတာနဲ့ တစ်ဆင့်စကားမေးစရာမလိုဘဲ နားလည်နိုင်၊ install လုပ်နိုင်၊ test စစ်နိုင်ပြီး code ပြင်နိုင်တဲ့အထိ တိုးတက်အောင် ပြုပြင်ပါ။
အနည်းဆုံးအားဖြင့် - Command တစ်ခုတည်းနဲ့ setup ဖြစ်ရမယ်၊ အမြန်စစ်ဆေးပေးမယ့် deterministic test path တစ်ခု ပါရမယ်၊ architecture မြေပုံတိုလေးတစ်ခု ပါရမယ်၊ စည်းမျဉ်းတွေကို သက်ဆိုင်ရာ code တွေအနီးမှာ ထားပေးရမယ်၊ ချိုးဖောက်ရင် အလိုအလျောက် ဖမ်းပေးမယ့် architectural boundary check တစ်ခု ထည့်ရပါမယ်။
ပြီးနောက် agent အသစ်တစ်ခုဆီကို ဘာအပိုအကူအညီမှ မပေးဘဲ issue တစ်ခု ဖြေရှင်းခိုင်းကြည့်ပါ။ အဲဒီ agent မျက်စိလည်သွားတဲ့ နေရာတိုင်းကို မှတ်တမ်းတင်ပြီး ပြန်လည်ပြင်ဆင်ပါ။ အားလုံးပြီးရင် score ပြန်တွက်ပါ။