10 ပတ် သင်ရိုးအပြီး
Capstone Project
တကယ့် codebase အစစ်တစ်ခုအတွက် agentic maintenance system တစ်ခုကို ကိုယ်တိုင် တည်ဆောက်ပါ။
အဲဒီ System ဟာ တိကျသေချာတဲ့ issue တစ်ခုကို လက်ခံနိုင်ရမယ်၊ သီးခြားခွဲထားတဲ့ workspace တစ်ခုကို ဖန်တီးနိုင်ရမယ်၊ ပြင်ဆင်မယ့်အချက်ကို လေ့လာပြီး အစီအစဉ်ဆွဲရမယ်၊ Code ကို လက်တွေ့ အကောင်အထည်ဖော် ရေးသားရမယ်၊ repo စစ်ဆေးမှုတွေကို run ရမယ်၊ သီးခြား AI review တစ်ခု စစ်ဆေးပေးရမယ်၊ ပြီးရင် လူက စစ်ဆေးအတည်ပြုနိုင်ဖို့ pull request တစ်ခု ဖွင့်ပေးရပါမယ်။
အဓိက တင်ပြရမည့် အရာများ (Deliverables)
- Command တစ်ခုတည်းနဲ့ setup လုပ်နိုင်ပြီး ရှင်းလင်းတဲ့ architecture မြေပုံပါဝင်တဲ့ repository တစ်ခု။
- တိုတိုရှင်းရှင်း ရေးထားတဲ့
AGENTS.md(သို့မဟုတ် ၎င်းနှင့်ညီမျှသော repo guide)။ - ပြန်လည်အသုံးပြုနိုင်တဲ့ reusable agent skill တစ်ခုနဲ့ MCP integration တစ်ခု။
- Deterministic hooks၊ tests တွေနဲ့ CI gates များ။
- Threat model တစ်ခုနဲ့ least-privilege permission ဒီဇိုင်း။
- ရပ်တန့်သွားရင် ပြန်စနိုင်တဲ့ durable issue-to-PR background workflow (retries mechanism ပါဝင်ရမယ်)။
- ကုန်ကျစရိတ်၊ latency၊ routing နဲ့ errors တွေကို စောင့်ကြည့်နိုင်မယ့် model gateway telemetry။
- ပုံသေ evaluation suite တစ်ခုနဲ့ အကျဉ်းချုပ် results dashboard သို့မဟုတ် report တစ်ခု။
- 5 minမှ 10 minစာ demo video တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမှားများ၊ တိုးတက်မှုများကို ရှင်းပြထားတဲ့ retrospective သုံးသပ်ချက်တစ်ခု။
ပြီးစီးကြောင်း စစ်ဆေးရန် (Done When / Completion Gates)
- Clone အသစ်တစ်ခုကို လမ်းညွှန်ချက်ပါ command တစ်ခုတည်းနဲ့ setup လုပ်နိုင်ရမယ်၊ အမှန်တကယ် အလုပ်ဖြစ်ကြောင်း အတည်ပြုနိုင်ရမယ်။
- ပုံသေ evaluation tasks အနည်းဆုံး 10 ခုအတွက် baseline ရော final results ပါ အပြည့်အစုံ ရှိရမယ်။
- လမ်းတစ်ဝက်မှာ ဖြတ်တောက်ခံရတဲ့ background job တစ်ခုဟာ ပြန်လည်စတင်နိုင်ခြင်း သို့မဟုတ် သန့်ရှင်းစွာ ရပ်တန့်နိုင်ခြင်းကို သက်သေပြနိုင်ရမယ်။
- System က ထုတ်ပေးလိုက်တဲ့ အပြောင်းအလဲတွေဟာ tests တွေ၊ security checks တွေနဲ့ လူကိုယ်တိုင် merge အတည်ပြုချက်တွေကို ကျော်လွှားခွင့် မရှိစေရဘူး။
- Run တိုင်းကို သက်ဆိုင်ရာ issue၊ spec၊ prompts/context၊ tool calls၊ outputs၊ costs နဲ့ နောက်ဆုံး review ဆုံးဖြတ်ချက်အထိ အစအဆုံး ပြန်လည် trace လိုက်နိုင်ရမယ်။